အရှေ့ဘက်မျက်နှာပြင်မှာ ရွှေဘောလုံးလေးတွေကို ၅ တန်းတိတိ ခုံးခုံးလှလှလေး တန်းစီဆင်ထားပြီး၊ ဘေးဘက်မှာတော့ ကြိုးလိမ်လိုင်း ၅ တန်းနဲ့ သပ်ရပ်စွာ ပေါင်းစပ်ထားတဲ့လက်ကောက်ပါ။မူလီရစ်စနစ် ပါဝင်တာကြောင့် ဝတ်ဆင်ရတာ စိတ်ချလုံခြုံမှုရှိပြီး၊ အလှူ၊ မင်္ဂလာဆောင်ပွဲတက်တွေမှာ ခန့်ခန့်ထည်ထည် ပွဲတိုးစေမှာပါ။