နှစ်ပေါင်း ၃၆နှစ် ကျော် သမိုင်းကြောင်းမှသည် ယနေ့ခေတ်ဖန်တီးမှုများအထိ ...
ပေါင်းတည်မြို့၏
ယုံကြည်အားအထားရဆုံး ပေါင်းတည်မြို့၏
ယုံကြည်အားအထားရဆုံး

ပေါင်းတည်မြို့၏
ယုံကြည်အားအထားရဆုံး

၁၉၈၉ ခုနှစ်မှစတင်သော ကျွန်တော်တို့ခရီး…. ၁၉၈၉ ခုနှစ်မှစတင်သော ကျွန်တော်တို့ခရီး….

၁၉၈၉ ခုနှစ်မှစတင်သော ကျွန်တော်တို့ခရီး….

"ပေါင်းတည် မိသားစုရွှေဆိုင်" ၏ ခိုင်မာသော သမိုင်းကြောင်းနှင့် အောင်မြင်မှုများအကြောင်း ပြောလျှင် "နတ်တလင်း မိသားစုရွှေဆိုင်" ၏ အဓိကကျသော အစပျိုးမှုကို ဦးစွာ ရည်ညွှန်းရမည် ဖြစ်ပါသည်။

၁၉၆၄ ခုနှစ်တွင် နတ်တလင်းမြို့၊ ဗိုလ်ချုပ်လမ်း၌ ဦးပေါ်စိန် + ဒေါ်ကျင်ဆိုင် တို့မှ “နတ်တလင်း မိသားစုရွှေဆိုင်” ကို စတင်မျိုးစေ့ချ စိုက်ပျိုးခဲ့ပါသည်။ စတင်တည်ထောင်စဉ်ကပင် ရွှေအရောင်းအဝယ်အပြင် အပေါင်ဆိုင်လုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်ခဲ့ပြီး၊ ဖခင်ဖြစ်သူ ဦးပေါ်စိန်၏ ရိုးသားဖြောင့်မတ်မှု၊ မိခင်ဖြစ်သူ ဒေါ်ကျင်ဆိုင်၏ ထက်မြက်သော စီးပွားရေးအမြင်နှင့် သားဖြစ်သူ ဦးမြင့်အောင်၏ စံပြဖြစ်သော ရွှေအရည်အစပ်ပညာတို့ကြောင့် “မိသားစု” ဟူသော အမည်နာမသည် လူထုကြားတွင် ခိုင်မာသော ယုံကြည်မှုနှင့် နာမည်ကောင်းကို ရရှိခဲ့ပါသည်။

ပေါင်းတည်မြို့သို့ ခြေဆန့်ခြင်းနှင့် မျိုးဆက်သစ်ခြေလှမ်း

၁၉၈၈ ခုနှစ်တွင် သမီးဖြစ်သူ ဒေါ်အေးအေးမွန်သည် ပေါင်းတည်မြို့မှဦးဌေးလွင်နှင့် ဖူးစာဆုံခဲ့ပြီးနောက်၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပေါင်းတည်မြို့ ဈေးဆိုင်တန်း (၇ လမ်းနှင့် ၆ လမ်းဒေါင့်) ၌ “ပေါင်းတည် မိသားစုရွှေဆိုင်” ကို အောင်မြင်စွာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ယခုလက်ရှိ ၇ လမ်းရှိ အိမ်ဆိုင်အဖြစ်သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။

ပေါင်းတည်မိသားစုရွှေဆိုင်သည် စတင်တည်ထောင်စဉ်ကတည်းက ရွှေအပေါင်လုပ်ငန်းနှင့် ရွှေပန်းတိန်လုပ်ငန်းများကို စနစ်တကျ တွဲဖက်လုပ်ကိုင်ခဲ့ပြီး၊ “ရွှေအရည်အသွေး မှန်ကန်မှု” ကို အဓိက အသက်သွေးကြောအဖြစ် တန်ဖိုးထား ဆုပ်ကိုင်ခဲ့သည်။ ဧည့်သည်တော်များအပေါ် ထားရှိသော စေတနာ၊ မှန်ကန်သောရွှေအရည်အသွေးနှင့် ရိုးသားမှုတို့ကြောင့်ပင် ပေါင်းတည်မြို့၏ ထိပ်တန်းရွှေဆိုင်တစ်ဆိုင်အဖြစ် ရေရှည်ရပ်တည်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင်တော့ ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့သော စေတနာနှင့် လုပ်ငန်းအစဉ်အလာများကို ဦးဌေးလွင် + ဒေါ်အေးအေးမွန် တို့၏ တတိယမြောက် မျိုးဆက်သစ် သားသမီးများမှ ခေတ်စနစ်နှင့်အညီ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆက်လက်ဦးစီး မောင်းနှင်လျက်ရှိပါသည်။

ပေါင်းတည်မြို့ရဲ့ အကောင်းဆုံး “မိသားစု” စိန်ရွှေရတနာဆိုင်
ကျွန်တော်တို့၏ Vision

ကျွန်တော်တို့၏ Vision

ဧည့်သည်များအတွက် ယုံကြည် စိတ်ချရသော၊ အာမခံချက်အပြည့်ရှိသော အကောင်းဆုံး ရွေးချယ်ရာ ရွှေလုပ်ငန်းစုတစ်ခုအဖြစ် မြန်မာနိုင်ငံတွင်ရပ်တည်နိုင်ရန်။

ကျွန်တော်တို့၏ Mission

ကျွန်တော်တို့၏ Mission

  • ရွှေအရည်အသွေး ယုံကြည်စိတ်ချရမှု၊ ရိုးသားမှု၊ မှန်ကန်မှုတို့ဖြင့် ဧည့်သည်များကို အစဥ်အမြဲ ၀န်ဆောင်မှုပေးရန်။
  • ခေတ်နှင့်အညီ စုံလင်သော လက်ဝတ်ရတနာဒီဇိုင်းများကို မိသားစုရွှေဆိုင်တွင်ရရှိရန်။
  • လွယ်ကူချောမွေ့သော ခေတ်မှီနည်းစနစ်များဖြင့် ဧည့်သည်များကို အကောင်းဆုံး ၀န်ဆောင်မှု ပေးရန်။
  • အောင်မြင်ပြီး စည်းစနစ်ကျသော မိသားစုရွှေဆိုင်ခွဲများဖွင့်နိုင်ရန်။
  • ကျမ်းကျင်ထက်မြတ်သော ၀န်ထမ်းများကို မွေးထုတ်ပေးရန်၊ ဘ၀ တိုးတတ်အောင်မြင်ရန်။

ဖန်တီးမှုတိုင်းရဲ့ နောက်ကွယ် ဖန်တီးမှုတိုင်းရဲ့ နောက်ကွယ်

ဖန်တီးမှုတိုင်းရဲ့ နောက်ကွယ်

မိသားစုမှ ဖန်တီးထုတ်လုပ်သောလက်၀တ်ရတနာများဟာ လှပရုံသက်သက်မဟုတ်ပဲ တန်ဖိုးနှင့်အဆင့်အတန်းတစ်ခုကို ထင်ဟပ်ပေါ်လွင်အောင် ဖန်တီးပြုလုပ်ထားပါတယ်။

ဘလော့နှင့် ဆောင်းပါးများ

ရင်သွေးငယ်လေးတွေအတွက် “အထိမ်းအမှတ်ရွှေ” ဝယ်ယူတဲ့အခါ ဘေးကင်းပြီး အကျိုးရှိစေမယ့် ရွေးချယ်မှုလမ်းညွှန်

မိသားစုထဲကို ရင်သွေးငယ်လေးတစ်ဦး ရောက်ရှိလာခြင်းဟာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတဲ့ ကိစ္စတစ်ခု...

မင်္ဂလာလက်စွပ် ရွေးချယ်တော့မယ်ဆိုရင် ရှောင်ရန်၊ ဆောင်ရန်နှင့် သတိထားရမယ့် အချက်အလက်များ

ချစ်သူသက်တမ်းတစ်လျှောက်ကနေ ဘဝတစ်ခုကို အတူတူတည်ဆောက်ဖို့ ခြေလှမ်းစတင်လိုက်တဲ့အချိန်မှာ "မင်္ဂလာလက်စွပ်" ဆိုတာ...

ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ဖို့ “ရွှေ” ကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဘာကြောင့် ရွေးချယ်သင့်သလဲ?

ကျွန်တော်တို့ နေ့စဉ် ကြားနေရတဲ့ ကုန်ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးတန်ဖိုးတွေ တစ်နေ့တခြား ပြောင်းလဲနေတာတွေဟာ...

အလုပ်ခေါ်စာများ

ရွှေပစ္စည်းများကို အတု/အစစ်၊ အရည်အသွေး နှင့် တန်ဖိုးမှန်ကန်စွာ စစ်ဆေးအကဲဖြတ်ကာ ချေးငွေထုတ်ပေးခြင်း ၊အပေါင်ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းခြင်း လုပ်ငန်းစဥ်များကို တာဝန်ခံအား ကူညီလုပ်ဆောင်ရန် Assistant Supervisor ခန့်အပ်လိုပါသည်။ အသေးစိတ်သိရှိလိုပါက Viber Ph No 09 777795083 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လစာ
570,000 ကျပ်
ပညာအရည်အချင်း
ဘွဲ့ရ
Gender
ကျား / မ
ခေါ်ယူမည့်ဦးရေ
၁ ဦး

ရွှေပစ္စည်းများကို အတု/အစစ်၊ အရည်အသွေး နှင့် တန်ဖိုးမှန်ကန်စွာ စစ်ဆေးအကဲဖြတ်ကာ ချေးငွေထုတ်ပေးနိုင်ရန် စီမံခန့်ခွဲခြင်း၊ အပေါင်ပစ္စည်းများကိုလုံခြုံစွာသိမ်းဆည်းခြင်း လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ရန် Supervisor (အပေါင်တာဝန်ခံ)ခေါ်ယူလိုပါသည်။အသေးးစိတ်သိရှိလိုပါက Viber Ph No 09 777795083 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လစာ
650,000 ကျပ်
ပညာအရည်အချင်း
ဘွဲ့ရ
Gender
ကျား /မ
ခေါ်ယူမည့်ဦးရေ
၁ ဦး
ယုံကြည်စိတ်ချရမှု
ယုံကြည်စိတ်ချရမှု
ပြည့်မှီသောအရည်အသွေး
ပြည့်မှီသောအရည်အသွေး
ကောင်းမွန်သောဝန်ဆောင်မှု
ကောင်းမွန်သောဝန်ဆောင်မှု
စုံလင်သောဒီဇိုင်းများရှိမှု
စုံလင်သောဒီဇိုင်းများရှိမှု