စိန်ဝင်းလက်မှုနှင့် သဘာဝ နီလာကျောက်၏ နက်ရှိုင်းသော အပြာရောင်အလှတို့ စုစည်းထားပြီး၊ အမျိုးသားဝတ်၏ ပြည့်စုံထည်ဝါသော ပုံသဏ္ဌာန်နှင့် အမျိုးသမီးဝတ်၏ သိမ်မွေ့ကျက်သရေရှိမှုကို လိုက်ဖက်ညီစွာ ဖန်တီးထားသည့် အဆန်းပြားဆုံး အဖိုးတန် စိန်+နီလာ စုံတွဲလက်စွပ်။ထာဝရ သစ္စာတရားနှင့် ခိုင်မြဲသော ချစ်ခြင်းကို ကိုယ်စားပြုသည့် နီလာကျောက်ဆန်းဆန်းကို စိန်စီအလှဖြင့် ထင်ရှားပေါ်လွင်စေမှာပါ။