ရွှေနန်းကြိုးလိုင်းကွေးတွေနဲ့ ဇကာကွက် (Filigree Design) ဖော်ထားပြီး၊ ဗဟိုချက်မှာ ရွှေလုံးချောလေးတွေစီခြယ်ကာ အောက်ခြေဆွဲလှုပ်အမြိတ်လေးတွေနဲ့ ပုံဖော်ထားတဲ့ လက်ရာဆန်းလေးပါ။ခန့်ညားပြီး သမိုင်းဝင်နန်းဆန်တဲ့ အလှတရားမျိုးကို ခေတ်ပြိုင်ဖက်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာမို့၊ ချိတ်ဆွဲဆင်မြန်းရုံနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ စတိုင်ကို ချက်ချင်းရရှိစေမှာ ဖြစ်ပါတယ်။