အလယ်ဗဟို၌လှပသော နီလာကျောက်ကို အဓိကထား၍ ဘေးပတ်လည်တွင် စိန်စီစက်ဝိုင်း ၃ ထပ် နှင့် အချိုးအစားကျနစွာ ဝန်းရံမွမ်းမံထားသည့် ကျက်သရေရှိလှသော Fine Jewelry ဆွဲသီး ဖြစ်ပါသည်။ စိန်ဖြူဖြူတို့၏ အလင်းပြန်မှုနှင့် နီလာ၏ တည်ငြိမ်အေးချမ်းသော အပြာရောင်တို့ စီလျော်စွာ ပေါင်းစပ်ထားသဖြင့် ဝတ်ဆင်သူ၏ ဂုဏ်သရေ၊ ခန့်ညားမှုနှင့် ထင်းလင်းသော အလှတရားကို အပြည့်အဝ ပေါ်လွင်စေပါသည်။