ယပ်တောင်ပုံစံ ရွှေကွက်လေးများနှင့် တောက်ပသော ကျောက်နီလေးများ တစ်လှည့်စီ ယှက်နွယ်ထားပြီး အလယ်ဗဟို၌ ကျောက်နီဆွဲသီးလေးဖြင့် ဆန်းသစ်စွာ ဖန်တီးထားသည့် နီယပ်တောင် ဘယက်။ ရိုးရာနှင့် ခေတ်မီဆန်းသစ်မှုတို့ ပေါင်းစပ်ထားသဖြင့် အသွင်အပြင်ကို ပိုမိုဆွဲဆောင်မှုရှိစေပြီး ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေမည့် အလှတံဆိပ် ဖြစ်ပါသည်။