ကျော့ရှင်းလှပသော လေးပွင့်ဆိုင် ပန်းပွင့်လေးများကို တစ်တန်းတည်း အချိုးကျကျ စီရီဖန်တီးထားသည့် ပန်းပွင့် မူလီ လက်ကောက်လေးပါ။ခိုင်မာစိတ်ချရသော မူလီရစ်ခလုတ်စနစ် ပါဝင်တာကြောင့် ဝတ်ဆင်ရတာ အထူးပင် လွယ်ကူပြေပြစ်လှပြီး အနုပညာမြောက်သည့် ရွှေလက်ရာမွန်လေး ဖြစ်ပါတယ်။