ရွှေသားစစ်စစ်ကို အလွှာလိုက်ထပ်ဆင့်ပန်းပွင့်ကြီးအဖြစ် အနုစိတ်ပုံဖော်ထားပြီး အောက်ခြေမှာ ရေစက်ပုံစံနန်းကြိုးတန်းလေးတွေကို အစီအရီချိတ်ဆွဲထားတဲ့ ထည်ဝါလှပတဲ့ လက်ရာမွန်လေးပါ။ခေတ်ဟောင်းမင်းသမီးတွေရဲ့ တော်ဝင်ဆန်တဲ့ အလှတရားမျိုးကို ပြန်လည်ခံစားရစေမှာဖြစ်သလို ဆင်မြန်းလိုက်ရုံနဲ့ ကိုယ့်ရဲ့တည်ငြိမ်မှုနဲ့ ကျက်သရေရှိမှုကို ပိုမိုပေါ်လွင်စေမှာ ဖြစ်ပါတယ်။