ပုံမှန်အစိမ်းရောင်တွေနဲ့မတူဘဲ သံပရာစိမ်းရောင်ဖျော့ကျောက်လေးရဲ့ ဘေးတစ်ဖက်စီမှာ ကျောက်ဖြူလေးတွေနဲ့ နုရွစွာ ရံပေးထားတဲ့ ဒီဇိုင်းဆန်းလက်စွပ်အလှလေး။ရုံးတက်၊ ပွဲတက် ဘယ်နေရာသွားသွား အဆင်ပြေပြေနဲ့ လူအများကြားမှာ ထင်ရှားပေါ်လွင်စေပြီး ဝတ်ဆင်ထားသူကို ပိုမိုနုပျိုလန်းဆန်းပြီး ထူးခြားတဲ့စတိုင်လ်ကို ပေးစွမ်းမှာပါ။