ဗဟိုက ဂုဏ်ရှိန်ဝါကြီးမားလှတဲ့ ဒေါင်းရုပ်ပုံသဏ္ဍာန် ရွှေကွင်းလေးကို ဘေးပတ်လည်မှာ အနီရဲရဲနဲ့ ကျောက်ဖြူလေးတွေကို စပါးနှံလေးတွေလို တလှည့်စီ အနုစိတ် စီခြယ်ထားတဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းဆန်း ဆွဲသီးလေးပါ။အနီနဲ့ အဖြူရောင်ကျောက်တို့ရဲ့ ကာလာကွန်ထရက်က တော်ဝင်ရတနာတစ်ပါးလို ဆွဲဆောင်မှုအပြည့် ရှိနေစေတာမို့ အရေးကြီးတဲ့ ပွဲတက်ဝတ်စုံတွေနဲ့ တွဲဖက်လိုက်တဲ့အခါ သင့်ရဲ့ Look ကို ပိုမိုကျော့ရှင်းကာ အရှိန်အဝါရှိရှိ လှပနေစေမှာ အသေအချာပါပဲ။