ဗဟိုချက်က ရွှေပြားချောလေးကို စွန်ပလွန်စေ့ပုံသဏ္ဍာန် ရွှေလုံးဆန်းလေးတွေနဲ့ စတုရန်းထောင့်မှန်ပုံဖော်ထားကာ၊ အောက်ခြေမှာ ရေစက်ချပုံစံ ရွှေနန်းဆွဲသီးလေးတွေနဲ့ အချိုးကျကျ တန်ဆာဆင်ထားတဲ့ မင်းကတော်ဆွဲသီးဒီဇိုင်းပါ။ခေတ်ဟောင်းအငွေ့အသက်နဲ့ ရိုးရာအလှတရားကို ပုံစံဆန်းတွေနဲ့ ဖန်တီးထားတာကြောင့် အများကြားမှာ ထင်ရှားပြီး အထက်တန်းကျတဲ့ ဆွဲဆောင်မှုကို အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။