လက်ရာမြောက် ကနုတ်အလှဆင်မှုတွေနဲ့အတူ ရှေးဆန်ဆန်ဂန္ထဝင်အလှကို ဖော်ဆောင်ပေးမယ့်ရွှေစင်ဆွဲသီးလေးပါ။အလယ်ဗဟိုက ပန်းပွင့်ပုံစံ နူးညံ့တဲ့ထွင်းထုမှုနဲ့ အပြင်ဘက်က ရွှေလုံးလေးတွေရဲ့ အချိုးကျကျ ရံပတ်ထားမှုကမိမိရဲ့ တင့်တယ်ကျော့ရှင်းမှုကို ပိုမိုပေါ်လွင်စေဖို့အလွန်ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။