သဘာဝဆန်ဆန် သစ်ရွက်ပုံသဏ္ဌာန် (Leaf Motif) လေး ပုံဖော်ထားပြီး အလင်းပြန် စက်ဖြတ်အကွက်တွေနဲ့ ပေါင်းစပ်ထားတာကြောင့် လှုပ်ရှားလိုက်တိုင်း တလက်လက်နဲ့ တောက်ပနေမယ့် နားကပ်လေးပါ။ နားရွက်မှာ ပန်ဆင်လိုက်တာနဲ့ သိမ်မွေ့ကျော့ရှင်းပြီး သဘာဝအတိုင်း အသက်ဝင်လှပတဲ့ အလှကို ဆောင်ကြဉ်းပေးမှာပါ။