ကံကောင်းခြင်းတွေကို ယူဆောင်လာပေးမယ့် "Good luck" စာသားပါ ရွှေပြားဝိုင်းလေးအောက်မှာ ခြင်းလုံးဆွဲသီးလေးကို စတိုင်လ်ကျကျ တွဲဖက်ပုံဖော်ထားတဲ့ 18kဆွဲကြိုးလေး ဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းဆန်းအပြင် ကောင်းမွန်တဲ့ အဓိပ္ပာယ်ကိုပါ ဆောင်ထားလို့ ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို ကံကောင်းခြင်းဆုမွန်ကောင်းတွေနဲ့အတူ တန်ဖိုးရှိတဲ့ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ဖို့ပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။