ဂုဏ်ရှိန်ဝါကြီးမားတဲ့ ဒေါင်းမင်းရဲ့ ဦးခေါင်းနဲ့ လည်ပင်းအလှကို ပြောင်ချောလိုင်းလေးနဲ့ ထုဆစ်ထားပြီး၊ အောက်ဘက်မှာတော့ ဒေါင်းမြီးဆွဲသီးပြား (Dangling Peacock Feathers) လေးတွေကို ကွင်းဆက်လေးတွေနဲ့ သီးခြားစီ ချိတ်ဆက်ထားတဲ့ တွဲလောင်းဒီဇိုင်း ဖြစ်ပါတယ်။ဒေါင်းရုပ်ဒီဇိုင်းရဲ့ သဘောသဘာဝအရ ဒေါင်လိုက် ရှည်မြောမြောပုံစံ ရှိလို့ ဝတ်လိုက်ရင် လည်ပင်းတဝိုက်ကို သွယ်လျတင့်တယ်စေပြီး မြီးဖျားချပ်လေးတွေကလှုပ်ရှားတဲ့အခါ လှပစွာ တုန်ခါနေမှာ ဖြစ်ပါတယ်။