စိန်ပွင့်များဖြင့် အနုစိတ် လှပစွာ ဖန်တီးထားသော ကြာပန်းပွင့် ဒီဇိုင်း "အကွက်စုံ စိန်ဆွဲသီး"
အလယ်ဗဟို စိန်ပွင့်အဝိုင်းကွပ်ကို အခြေပြု၍ ဘေးပတ်လည်တွင် ကြာပန်းပွင့်ဖတ်များသဖွယ် အလွှာလိုက် ဖြန့်ကားဖြာထွက်နေသော ပန်းလွှာပုံစံ လက်ရာပေါ်၌ စိန်ပွင့်ငယ်များကို အပြည့် စီခြယ်ထားသည့် အလွန်တရာ ကျက်သရေရှိသော စိန်ထည် ဖြစ်ပါသည်။မင်္ဂလာဧည့်ခံပွဲများ၊ ပွဲကြီးလမ်းကြီးများနှင့် အရေးကြီးသော အခမ်းအနားများတွင် ထင်းလင်းကျော်ကြားစေမည် ဖြစ်ပါသည်။